ထိုင်း ရဲဖမ်းထားသည့် မြန်မာ ဒုက္ခသည် ကိုးဦး ပြန်လွှတ်ရေး မဲဆောက် UNHCR ရုံးရှေ့၌ ဆန္ဒပြ

မဲဆောက်၊ဇူလိုင် ၁ဝ
ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် မြန်မာဒုက္ခသည် ၉ ဦးအတွက် ဝင်ရောက်ကူညီမှုပေးရန် အဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်းများက ဇူလိုင် ၁ဝ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးခွဲ UNHCR ရှေ့တွင် အရေးဆိုဆန္ဒပြခဲ့ ကြသည်။

 ထိုင်းနယ်စပ် တာ့ခ်ခရိုင်ဖို့ ဖတ်မြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည် စခန်းမှ အစ္စလာမ်ဘာသာဝင် ၉ ဦးသည် မယ်လမြန်မာဒုက္ခသည် စခန်းတွင်ပြုလုပ်သည့် ဘာသာရေး ပွဲ   တော်မှအပြန်တွင် ဖို့ဖတ်မြို့နယ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ယာဉ် မောင်းသူအပါအဝင်မြန်မာဒုက္ခသည် ၉ ဦးကိုထိုင်းရဲကလူကုန် ကူးမှုဖြင့် ဇူလိုင် ၉ ရက်က ဖမ်းဆီး ထားခြင်း ကြောင့်ဖြစ်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုဟာဆန်က ပြောသည်။၎င်းက”ကျွန်တော်တို့မှာစ ခန်းအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပေးတဲ့ ခရီးသွား လက်မှတ် ပါတယ်။အဲဒါကို မရဘူးဆိုပြီးအဖမ်းခံရတာဖြစ်တယ်။ကျွန်တော့် ကိုတော့လူကယ် ရီခေါင်း ဆောင်အဖြစ်စွပ်စွဲပြီးထိုင်းဘတ်ငွေ ခုနှစ်သောင်းခွဲ အာမခံနဲ့ပြန်လွှတ် ပေး တယ်။ ဒါကြောင့် ဒီအခြေ အနေတွေကို အားလုံးသိရှိနိုင်ဖို့ ဆွေးမျိုးသားချင်းတွေနဲ့အတူ ဒီနေ့ ဆန္ဒလာပြရ တာဖြစ် တယ်” ဟုပြော သည်။ မဲဆောက် UNHCR ရုံးမှ ထိုင်း လူမျိုးအရာရှိတစ်ဦးက ယခုဖြစ်ရပ် သည် ထိုင်းပြည် ထဲရေး ဌာနနှင့်သာ သက်ဆိုင်သည့်အတွက် မဲဆောက် မြို့ပိုင်ရုံးတွင် သွားရောက်ဖြေရှင်း ရန်ပြောကြားကာ ဆန္ဒပြသူ ၁ဝ ဦးခန့်ကို ရုံးရှေ့မှလူစုခွဲပေးရန်မေတ္တာ ရပ်ခံခဲ့သည်။ အဆိုပါကိစ္စ ကိုအုန်းဖျန်ဒုက္ခ  စခန်းမှတာဝန်ရှိသူများ က ကူညီမှု များ လိုက်လံဆောင်ရွက်နေသည် ဟု စခန်းတာဝန် ရှိသူ တစ်ဦးက ဆိုသော်လည်း ယနေ့အထိဒုက္ခ သည်များကို ပြန်လွှတ်ပေးခြင်း မရှိ သည့်အတွက် စိုးရိမ်ပူပန်မိ သည်ဟု ဆွေမျိုးသား ချင်းတစ်ဦးကပြောသ ည်။ယခင်ကလည်းဒုက္ခသည်အ ချို့အလား တူဖြစ် ရပ်မျိုးဖြင့် နို့ဖိုးမြန် မာဒုက္ခသည် စခန်းမှမြန်မာ ဒုက္ခသည် များဖမ်းဆီးခံရမှုများရှိခဲ့ပြီး တာဝန်ရှိ သူများကထိရောက် စွာလိုက်ပါဆောင် ရွက်ပေးခြင်းများမရှိခဲ့သည့် အတွက် ထောင်ဒဏ် ကျခံခဲ့ရသူများရှိခဲ့သည်ဟု နို့ဖိုးဒုက္ခသည်စခန်းမှကို ဝင်းမောင်က ပြောသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ   မြန်မာ ဒုက္ခသည်များကို ထိုင်းပြည်ထဲရေး ဌာနလက်အောက်ခံစခန်း အုပ်ချုပ် ရေးအဖွဲ့က ရက်အကန့် အသတ် ဖြင့် စခန်းအပြင် ထွက်ခွင့်ပေး ထားသည်ဟု စခန်းအုပ် ချုပ်ရေး ရုံးမှ ထိုင်းဝန်ထမ်း တစ်ဦးက ပြောသည်။ထိုင်း-မြန်မာနယ်စပ်တွင် မြန် မာဒုက္ခသည်စခန်း ၉ ခုရှိကာ မြန်မာ ဒုက္ခသည် ၁၅ဝဝဝဝ ကျော် နေထိုင်လျက်ရှိပြီး ၄င်းဒု က္ခသည် များအနက်မှ မြန်မာဒုက္ခသည် ၁ဝဝဝဝ ကျော်သည် ၂ဝဝ၅ ခုနှစ် မှစတင်ကာ အမေရိကန် အပါအဝင် တတိယနိုင်ငံများသို့ သွားရောက် အခြေချနေထိုင် ခဲ့သည် ဟု မဲဆောက် UNHCR ရုံးခွဲတာဝန်ခံက အခမ်းအနား တစ်ရပ် တွင် ပြောကြားခဲ့သည်။
ရဲရင့်မောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s