ယာယီ ဆင်မလိုက်ဈေး ဆက်လက် ထားရှိမည့်အရေး မြေကွက် ပိုင်ရှင်များ ခွင့်ပြုပေးတော့ မည်မဟုတ်

ရန်ကုန်၊ ဧပြီ ၃ဝ
ယာယီဆင်မလိုက်ဈေးအား ပြန်လည်ပြုပြင်မွမ်းမံ၍ ဈေးဆက်လက်ထားရှိမည်ဆိုပါက မြေကွက်ပိုင်ရှင် များအနေဖြင့် ခွင့်ပြုပေး တော့မည်မဟုတ်ဟု ပြောသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကျင်း ပသောပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အထူးအစည်း အဝေး ပထမနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး မြို့တော်ဝန်ဦး လှမြင့်က ယာယီဆင်မလိုက်ဈေး ရှိ ဈေး သူဈေး သားများကို မိုးမကျမီ ဈေးသစ်သို့ ပြောင်းရွှေ့ပေးနိုင်ရန် စီစဉ်ပေး မည် ဖြစ်ပြီးပြု လုပ်မပေးနိုင်ပါက လက်ရှိ ယာယီဈေး ကို ပြင်ဆင်ပေးမည် ဟု ပြောကြားခဲ့ သည်။အဆိုပါ ယာယီဆင်မလိုက်ဈေး မြေနေရာကို စည်ပင်သာယာက ခေတ္တ သုံးစွဲခွင့်တောင်းခံသဖြင့် ၂ဝ၁ဝ ဇန်နဝါရီလ ၈ ရက်နေ့ မှ ၂ဝ၁ဝ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ အထိ ယာယီသုံးစွဲခွင့် သဘောတူ ညီပေးခဲ့သော်လည်းလက်ရှိကာလ အထိ ဈေးသည်များကို ပြန်လည် ဖယ်ရှားပေးခြင်း မရှိသည့် အတွက် မြေကွက်ပိုင်ရှင်များအနေဖြင့် စိုးရိမ် နေကြသည်။”ဈေးတန်းတွေကို ပြန်လည် မွမ်းမံမယ်ဆိုရင် ဘယ်လိုမှ လက်မ ခံနိုင်ဘူး။ ကျွန်မတို့ အိမ်ဆောက်ဖို့ စည်ပင်ကို စာတင်တော့ ဈေးဖြစ်နေ လို့ ဆောက်ခွင့်မရခဲ့ဘူး။ ဝယ်ထား တာက ၂ဝဝ၂ ကတည်းကအခုဆိုရင် ဆောက်လုပ်ရေး ပစ္စည်းဖိုးတွေက လည်း အရင်နှစ်တွေထက် အဆမ တန်တက်လာပြီ။ ကျွန်မတို့အတွက် အလွန်နစ် နာနေပါ တယ်” ဟု ယခု ယာယီဆင်မလိုက်ဈေးတည်ဆောက် ထားသည့် မြေနေရာရှိ မြေကွက် အမှတ် ၉ ပိုင်ရှင် မယုဇန ဝင်းက ပြောသည်။ယာယီဆင်မလိုက်ဈေးမြေ နေ ရာသည် ယခင်National Land (YGN) Co.,Ltd. ကုမ္ပဏီပိုင်ဖြစ် သော်လည်း ကုမ္ပဏီမှပြန်လည် ရောင်းချခဲ့ပြီးဖြ စ်ကြောင်း စည်ပင် သာယာမှ ခေတ္တသုံးစွဲခွင့်တောင်းခံ စဉ်ကာလတွင် ကုမ္ပဏီမှ စည်ပင် သို့ ပြောကြားခဲ့ပြီး မြေကွက်ပိုင်ရှင် များကို ညှိနှိုင်းပေးကာ ခေတ္တသုံးစွဲ ခွင့်ေ တာင်းခံ ပေးခဲ့သော်လည်း လက်ရှိကာလအထိနေရာပြန်လည် ဖယ်ရှားပေးမှုမရှိသည့်အတွက် မြေ ကွက်ပိုင်ရှင်များက ကုမ္ပဏီသို့ လာ ရောက်ပြောကြားမှုများရှိနေေ ကြာင်းNational Land (YGN) Co.,Ltd.  မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။”ပိုင်ရှင်တွေက ပြန်ပေး ဖို့လာ လာပြောနေလို့ ကျွန်တော်တို့က စည်ပင်ကို စာတင်ပေးပါ တယ်။ စည်ပင်က ဒါကို ကျွန်တော်တို့ ဆောက်လုပ်တဲ့ ပုလဲကွန်ဒို ကိစ္စပြီး မှ ပေးမယ်လို့ စာပြန်ထားပါတယ်။ ဒါက ဘာမှ မဆိုင်တဲ့အကြောင်း ကျွန်တော်တို့က စာထပ်တ င်တော့ အကြောင်းပြန်စာ ပြန်မလာတော့ပါ ဘူး” ဟု ၄င်းက ဆက်လက်ပြော သည်။အဆောက်အအုံများ ပြန်လည် မွမ်းမံမည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်ဈေးဌာန သို့ မြေကွက်ပိုင်ရှင် များ သွားရောက်တွေ့ဆုံကာ ကန့်ကွက်မှုပြုလုပ်မည်ဟု မြေကွက် ရှင်များက ပြောသည်။ယာယီဆင်မလိုက်ဈေးနေရာ ကိုဖယ်ရှားပေးရန် အချိန်မည် မျှကြာ နိုင်သေး သည်နှင့် ယင်းကာလအ တွက် မြေငှားခပေးမည်၊ မပေးမည် ကိုလည်း မြေကွက်ပိုင် ရှင်များက မသိ ရှိသေးပေ။ လက်ရှိ ယာယီဆင်မလိုက် ဈေး မြေနေ ရာမှ မြေတိုင်းအမှတ် ၁၃ ပိုင်ရှင် ဒေါ်အေးအေးမြင့် က လည်း ”ခေတ္တယူသုံးမယ်ဆိုတုန်း က သုံးလထဲပါ။ အခု နှစ်နှစ်ရှိပြီ။ ဒီလိုပဲ ပြန်ပေးနိုးပြန်ပေးနိုး နဲ့ စောင့်လာခဲ့တ ယ်။ ယူတဲ့အပေါ်မှာလည်း ငှားခပေးပါ။ ကျွန်မတို့မှာ ပိုင်ဆိုင်မှု အထောက်အထားတွေ ရှိပါတယ်။ ကိုယ့်ပိုင်ဆိုင်မှုကိုတော့ ပြန်ရအောင် လုပ်ရမှာပဲ။ ရုံးတက်ရင် တက်ရပါ   စေ”ဟု ဆို သည်။   မြေ ကွက်နေရာများ ပြန်လည် ရရှိခြင်းမရှိသေး၍ အဆောက်အအုံ ဆောက် လုပ်ခြင်းနှင့် ပြန် လည် ရောင်း ချခြင်းကို ပြုလုပ်နိုင်မှု မရှိသေး ကြောင်း   မြေကွက်ပိုင်ရှင်များ က ပြောသည်။”ပြန်ရောင်း ချင်တာတောင် ဈေးဖြစ်နေလို့ ဘယ်သူမှ မဝယ်ရဲ ဘူး” ဟု မြေကွက်ပိုင်ရှင် ဒေါ်သန်း သန်းနွဲ့က ထပ်လောင်းပြောသည်။
ယာယီ ဆင်မလိုက်ဈေး မြေ နေရာမှာတစ်ဧကခန့် ကျယ်ဝန်းပြီး မြေကွက်ပိုင်ရှင် ၁ဝ ဦးရှိကြောင်း National Land (YGN) Co.,Ltd.  ၏ ဒါရိုက်တာဒေါ်သက်သက်နို င်ထံ မှ သိရသည်။အဆိုပါ ယာယီဆင် မလိုက် ဈေးသည် ကမာရွတ်မြို့နယ် အမှတ် ၆ ရပ်ကွက်တွင်တည်ရှိပြီး ယခင် ဆင်မလိုက်ဈေးအား အဆင့်မြှင့် တည်ဆောက်လို သည့် အတွက် ပြောင်းရွှေ့နေရာ ချထား ခဲ့ခြင်းဖြစ်သည်။
ဝေမာထွန်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s