လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှု နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ ကူညီကြရန် ပန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၉
လုပ်ငန်းခွင် ဖိနှိပ်ခြင်းများ အပေါ် နိုင်ငံတကာမှအလုပ်သမားသမဂ္ဂများ ဝိုင်းဝန်းကူညီကြ ရန် တော်ဝင် ဇာပန်းထိုးစက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့မှ ပန်ကြားလိုက်သည်။ ”ကျွန်မတို့ သမဂ္ဂခေါင်းဆောင် ခုနစ်ဦးစလုံးကို ဇန်နဝါရီ ၁၈ ရက် နေ့က အလုပ်ထုတ် ပစ်လိုက်လို့ အခုလို တောင်းဆိုတာပါ” ဟု အလုပ် သမားခေါင်းဆောင် မချောစုလှိုင်က ပြောသည်။ စက်ရုံအတွင်း အလုပ်သမား ရေးရာ များ ဆောင် ရွက်ခြင်းဖြင့် အခြားသော အလုပ်သမားအဖွဲ့ အစည်း ဆိုင်ရာ စည်းရုံးလှုပ်ရှားမှု များအပေါ် ပိုင်ရှင်ဖြစ် သူက သ ဘောမ မကျ၍အလုပ်ထုတ်ခဲ့သည် ဟု ၄င်းအလုပ်သမား ခေါင်းဆောင် ၇ဦးက ပေါ်ပြူလာ နယူးစ်အား ပြောသည်။  ယင်းနှင့် ပတ် သက်၍ တော်ဝင် ဇာပန်းထိုး စက်ရုံမှ စက်ရုံ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးမြင့်နိုင်ကို ဆက်သွယ်ခဲ့ရာ နိုင်ငံခြားသို့ ရောက်ရှိနေခြင်းကြောင့် အထက် ပါပြဿနာနှင့် ပတ်သက်၍ တာဝန် ယူ မဖြေကြားနိုင်ကြောင်း စက်ရုံ ဝန်ထမ်းတစ်ဦးက ပြောသည်။ လှိုင်သာယာ မြို့နယ် ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့၊ အလုပ်သမား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သောင်းကမူ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ အနေဖြင့် နှစ်ဖက် ညှိနှိုင်းခဲ့သော်လည်း   ပြေလည်မှု မရရှိသဖြင့် တိုင်းခုံသမာဓိ အဖွဲ့ သို့ အဆုံးအဖြတ်ယူရန် တင်လိုက် ရကြောင်း ပေါ်ပြူလာ နယူးစ်အား ဖြေကြား သည်။ ”ကျွန်တော်တို့က ညှိနှိုင်းပေး လို့ပဲ ရပါတယ်။ ဘာအဆုံးအဖြတ်မှ လုပ်ပေးလို့ မရဘူး။   နှစ်ဖက် ညှိမရလို့ တင်လိုက်ပါတယ်” ဟု ပြောသည်။ ၄င်းစက်ရုံမှ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ အပါအဝင် အလုပ်အမှု ဆောင် များအား  အလုပ်ထုတ်ခဲ့သည့် ဖြစ်စဉ်အား အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ (ITUC) တို့ အား အသေးစိတ် တိုင်ကြားနိုင်ကြောင်း ၄င်းအဖွဲ့အစည်းများ၏ ခုံဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ်စက် ရုံ သို့မဟုတ် ကုမ္ပဏီများအား အပ်ထည် များ မပေးရန် ကန့်ကွက်မှုများ ပြု လုပ်နိုင်ကြောင်းမြန်မာနိုင်ငံ အလုပ် သမားသမဂ္ဂ (FTUB) မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။ ”ပိတ်ဆို့တယ်၊ အရေးယူ တယ်ဆိုတာ အလုပ် သမား   ရော အလုပ်ရှင်အတွက်ပါ မကောင်းပါဘူး။ အလုပ်ထုတ် ခံရ သူတွေကို ပြန် ခန့်ပြီး လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်ဖို့ပဲ ကြိုးစားသင့်ပါ တယ်”ဟု ၄င်းကဆက်ပြောသည်။ တော်ဝင်မြန်မာဇာ ပန်းထိုးစက် ရုံတွင် အလုပ်သမား တစ်ထောင် ကျော် ခန့်ရှိပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၃ဝဝခန့်ရှိသည်။
ပြည့်ဖြိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s