ကျောင်းပြင်ပ လူမှုဘဝစိန်ခေါ်မှု ရင်ဆိုင်နိုင်မည့် တက္ကသိုလ် ပညာရေးစနစ် ပုံဖော်မည်

နေပြည်တော်၊ အောက်တိုဘာ ၂၉
ကျောင်းပြင်ပ လူမှုရေးဖြစ်ရပ်များနှင့် ဘဝစိန်ခေါ်မှုများကို ရင်ဆိုင် နိုင်ရေးအတွက်ဦးတည်ကာ တက္ကသိုလ် ပညာရေးစနစ်ကို ပြင်ဆင်သွား မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်   ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

 ”ဘွဲ့တံဆိပ်လေးတစ်ခု ရရုံ နဲ့ မရဘူး၊ ဒါကြောင့်မို့ အန်တီတို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝရှင်သန် ရေးပေါ့၊ Campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်။ ဘာလို့လဲ ဆိုေ တာ့ အဲဒီလိုနေရာမှာ ဒီလို ဘဝစိန်ခေါ် မှုတွေကို ဘယ်လို ရင် ဆိုင်ရမယ်ဆိုတာ တတ်လာမယ်၊ နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင် မှုတွေလည်း ရလာ တာပေါ့၊ Lecture တွေကို အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်း ခန်းထဲမှ ရတာမဟုတ်ဘူး၊ ကျောင်း ပြင်ပကလည်း ရတာ၊ အဲဒီအတွက် ဦး တည်ပြီးတော့လည်း တက္ကသိုလ်
ပညာရေးစနစ်ကို ပြန်ပြီး ထူထောင် ရမှာပါ”ဟုဒေါ်အောင်ဆန်းစုကြည် က ပေါ်ပြူလာနယူးစ်သို့   ပြောကြား    ခဲ့သည်။တက္ကသိုလ်ပညာရေး ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်ေ တာ် စတုတ္ထပုံမှန်အစည်း အဝေးတွင် တင်ပြခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက် မှုကြောင့် ယင်းဥပဒေကို အသစ် ပြန်လည်ရေးဆွဲရန်လွှတ်တော် မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။”ဒါကတော့ အန်တီ တစ် ယောက် တည်းပြင်ဆင်ရမှာ မဟုတ် ဘူး။ အားလုံးကျွမ်းကျင်တဲ့သူတွေ၊ စိတ်ပါဝင်စားတဲ့ သူတွေနဲ့ ဆွေးနွေး ပြီး လုပ်ရမှာပါ၊ အဓိက ကတော့ တက္ကသိုလ်ပညာရေးဆိုတာ ကျယ် ပြန့်ရမယ်။ နက်နဲရမယ်။ တက္ကသိုလ် ပညာဆိုတာလူငယ်တွေကို ဘဝ ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်   အောင် သင်ပေးတာပဲ။ ဘဝရဲ့ စိန် ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေးတာပဲ”ဟု ဒေါ်အောင်ဆန်း စုကြည်က ထပ်လောင်းပြော ကြား ခဲ့သည်။လက်ရှိတက္က သိုလ် ပညာရေး သည် အစိုးရအဖွဲ့ဟောင်း၏ အုပ် ချုပ်ရေးဆွဲခဲ့သည့် အခြေအနေအရ ထက်အောက်သင်ကြားရေးစနစ် ဖြစ်နေပြီး သင်ရိုးညွှန်းတမ်း သည် နိုင်ငံတကာ အဆင့်မီရန် လိုအပ် လျက်ရှိနေသေးကြောင်း၊ထို့ကြောင့်လက်ရှိရေးဆွဲလျက်ရှိသော ပညာ ရေး ဥပဒေကြမ်းကို စံချိန်စံညွှန်းအမီ ရေးဆွဲပြီးလွှတ်တော်၌ အတည်ပြု သွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ထက်(NYK)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s