နိုင်ငံရေးအရ ဖြေရှင်းမှုမရှိလျှင် ဆီးရီးယားပဋိပက္ခသည် အလွန်ဆိုးရွားသွားနိုင်

ကိုင်ရို၊ ဒီဇင်ဘာ ၃၁
ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့၏ ဆီးရီးယားနိုင်ငံဆိုင်ရာ ငြိမ်း ချမ်းရေးသံတမန် ဘရာဟီမီက ဆီးရီးယားနိုင်ငံသည် အစိုးရနှင့် အတိုက် အခံတို့ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိပါက အခြေအနေ အလွန်ဆိုးရွားမည်ဟု သတိပေးခဲ့သည်။ ”အခုဆိုရင် ဆီးရီးယားပြည်သူ တွေမှာ ရွေးချယ်စရာနှစ်ခုနဲ့ ရင်ဆိုင် နေရပါတယ်။ နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေးမလား၊ ဒါမှမဟုတ် နိုင်ငံကိုငရဲပြည် ပို့မလား” ဟု ငြိမ်း ချမ်းရေး သံတမန် ဘရာဟီမီ က ဆီးရီးယားနိုင်ငံမှအပြန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ဆီးရီးယား ပဋိပက္ခသာ နောက်ထပ်တစ်နှစ်ခန့် ဆက်လက် ဖြစ်ပွား ခွင့်ပြုလျှင် အပြစ်မဲ့နိုင်ငံသား တစ်သိန်းထက် မနည်းအား သတ် ဖြတ် ရာ ရောက်မည်ဟုလည်း သတိပေးသည်။ ”ဆီးရီးယား ပဋိပက္ခဖြေရှင်းရေးဟာ အရှေ့အလယ်ပိုင်းဒေသ သာမက နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ ကုလသမဂ္ဂကပါ တာဝန်ရှိတဲ့ ကိစ္စ ရပ်ပါ”ဟု ၄င်းကတိုက်တွန်း ခဲ့သည်။ ဆီးရီးယားတွင် အစိုးရနှင့် အတိုက်အခံတပ်များ အပြန်အလှန် တိုက်ခိုက် မှုကြောင့် နေ့စဉ် သေဆုံး မှုရှိနေပြီး ပြည်သူများမှာ နယ်စပ် ဖြတ်ကျော်၍ အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။
တူရကီနိုင်ငံက ဆီးရီးယား သမ္မတ အာဆတ်၏ နေ့ရက်များမှာ ရေတွက်လို့ပင် ရလောက်အောင် နည်းပါးနေပြီဟု ထုတ်ပြန်ပြောဆို ထားပြီး ဆီးရီးယား ဒုက္ခသည်များကို လက်ခံ ထိန်းသိမ်းပေး သွား မည်ဟု ဂျော်ဒန်နိုင်ငံ ကလည်း ထုတ်ပြန်ထားသည်။ ဂျော်ဒန်နိုင်ငံတွင် ဆီးရီးယား ဒုက္ခသည်ပေါင်း နှစ်သိန်းခွဲခန့်ရှိပြီးဆီးရီးယားပဋိပက္ခ  ဖြေရှင်းရန်မှာ နိုင်ငံရေးအရသာ ဖြစ်နိုင်သည်ဟုဆို သည်။ သို့ရာတွင် ဆီးရီးယား ဒုသမ္မတနှင့် အတိုက် အခံများကမူ တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားဘဲ အပြုတ်တိုက် ချေမှုန်းရေးကိုသာ အားသန်နေကြ သည်ဟု သိရသည်။
PN-055
Ref: CNA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s