“Sky Net အင်တာနက် တပ်ဆင်ခနှုန်း လျှော့ချပေးမည်ဟု ဆို”

ရန်ကုန်၊ ဇန်နဝါရီ ၂၆

သုံးစွဲသူများ အမြင့်ဆုံးဈေးနှုန်းပေးသွင်းအသုံးပြုနေရသည့် Sky Net (MPS)အင်တာနက် ကနဦး တပ်ဆင်ခများ လျှော့ချပေးရန် စီစဉ်နေသည်ဟု သိရသည်။
”လောလောဆယ် အသစ် ဖြစ်မယ့် နှုန်းထားအသစ် တစ်ခုကို လူကြီးတွေ တွက်ချက်နေပါတယ်။ မကြာခင်ကာလမှာတော့ ထုတ်ပြန် ပေးသွားမှာပါ” ဟု Sky Net (MPS)  ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
လက်ရှိတွင် Sky Net (MPS) စနစ်၏ ကနဦးတပ်ဆင်ခများမှာ လုပ်ငန်းသုံး၊ အိမ်သုံးစနစ်များရှိပြီး တပ်ဆင်သည့် ဗန်းအကြီး အသေး အပေါ် မူတည်၍ ဈေးနှုန်း ကွာခြား လျက်ရှိပြီး အနိမ့်ဆုံး ကနဦးတပ် ဆင်ခမှာ ကျပ်ခုနစ်သိန်းကျော် ရှိကြောင်း သိရသည်။
”ဈေးနှုန်းလျှော့ချတဲ့ အပိုင်း မှာ ဗန်းကြီး၊ ဗန်းသေးနှစ်ခုစလုံး ပါဝင်မှာပါ။ လစဉ်ကြေး၊ နှစ်စဉ် ကြေးပါ မပါဆိုတာတော့ သေချာ မပြောနိုင်ပါဘူး” ဟု ¤င်းက ဆက် လက် ပြောသည်။
ကောက်ခံလျက်ရှိသည့် လစဉ် ကြေးများမှာ 512 kbps ကျပ်တစ် သိန်း၊ 1 M ကျပ် နှစ်သိန်း၊ 2 M ကျပ် လေးသိန်းဖြစ်ပြီး အမြင့်ဆုံး ကနဦးတပ်ဆင်ခမှာ ကျပ် ၁ဝ သိန်းကျော် ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် ပြည်တွင်း၌ ဝန် ဆောင်မှု ပေးနေသည့် အင်တာ နက် အမျိုးအစားများတွင် Sky Net (MPS) စနစ်မှာ ဈေးနှုန်း အမြင့်ဆုံးဖြစ်နေပြီး အခြား အင် တာနက် အမျိုးအစားများဖြစ်သည့် ADSL (MPT)  ကျပ် ငါးသောင်း၊ ADSL (YTP)  ကျပ်တစ်သိန်း၊ Wimaxကျပ် လေးသိန်းခွဲ၊ ဖိုင်ဘာကေဘယ်စနစ် ကျပ်ငါးသိန်းတို့ ဖြစ်သည့် အတွက် Sky Net (MPS) စနစ်ထက် ဈေးနှုန်းသက် သာလျက် ရှိကြောင်း သိရသည်။
”အင်တာနက် စနစ်တွေ တော်တော်များများ ဈေးနှုန်းတွေ အပြိုင်အဆိုင် ချနေကြပြီး Sky Net  ကတော့ ခုအချိန်အထိ ဈေးမကျဘူး။ ဈေးနှုန်းချဖြစ်ခဲ့ရင်လည်း လစဉ်ကြေးကိုပါ လျှော့ချစေချင်တယ်။ ဒါမှ အင်တာနက်ဆိုင်တွေ အနေနဲ့ တပ်ဆင်နိုင်မှာပါ” ဟု ပုဇွန်တောင်မြို့နယ် အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲသည့် ပမာဏမှာ တစ်သန်းကျော်မျှသာ ရှိပြီး နိုင်ငံလူဦးရေထက် များစွာနည်းပါးလျက် ရှိနေခြင်းမှာ သုံးစွဲနိုင်မည့် ဧရိယာ နည်းပါးခြင်း၊ မြန်နှုန်းမ ကောင်းခြင်းနှင့် အင်တာနက် တပ်ဆင်ခနှင့် သုံးစွဲခများ ကြီးမြင့် နေ သည့်အတွက် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေ ခြင်း ဖြစ်ကြောင်း  IT ပညာရှင်များက သုံးသပ်ကြသည်။

PN-052

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s