ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု

ပြည်သူချစ်တဲ့ ဒီမိသားစုလေး
ပည်သူချစ်တဲ့ ဒီမိသားစုလေးရိုးဖြောင့်ကျင့်ကြံပြီးပြည်သူတွေအတွက် မြင့်မြတ်မှန်တဲ့စိတ်ထားနဲ့ ပြည်သူ့ အတွက် အချိန်ခါမလပ် အလုပ်လုပ်ပေးနေတဲ့ အမေစုက၊ယုံကြည်လေးစားစိတ်သဏ္ဍန်နဲ့  နေရာတိုင်းမှာအားအင်ဖြည့် စွက် ဂဟေဆက်ပြီးယခုထိအလုပ်တွေလုပ်ပေးနေဆဲဖြစ်ပါတယ်။

မိသားစုဝင်ဒီလိုအရိပ်လေးကပြည်သူ့ အတွက်နေ့ စဉ်မားမားမတ်မတ် စောင့်ရှောက်ပြီးနေရာတိုင်းမှာတိုး

တက်ကာစည်ပင်အောင်တိုင်းရင်းသားအားလုံးအတွက် မိတ်ဆွေများအတွက်ကောင်းကျိုး ရှာဝေ မျှနေ ဆဲပါလား။ရပ်ရွာတိုင်းပြည် ကောင်းဖို့ရည်ရွယ်လို့  အမေစုတတ်စွမ်းရာဦးဆောင်နေ တဲ့ မြန် မာ ပြည် မှာတော့နိုင် ငံဂုဏ်တင့်တယ်အောင်နေရာတိုင်းမှာကမ္ဘာ့တလွှား မြန်မာများမှာ ယခု ဆိုရင်ဦးမော့ ရင်ကော့ ရကာ မြန်မာလို့ နံမည်တလုံးနဲ့ နေလို့ ရအောင်ကျေးဇူးတွေကြီးမားလှပါပြီ။နိုင်ငံ တကာနဲ့  ယှဉ်ရင်စာ တတ် ပေတတ်ပညာ တတ်ပြီးစိတ်ဓာတ် သမိုင်းအတုမရှိ တဲ့မဟာ အဓိပတိအောင် ဆန်း သွေးစစ်စစ်ကြီးကိုတကယ်ကိုပြည်သူတွေချစ်တဲ့ ခေါင်းဆောင်ဒေါ်စုကိုအဖော်ပြုပြီး အားကိုး  တတ် ဖို့ လိုပါကြောင်းလက်တွဲဝန်းရံထားရမှာဖြစ်ပါကြောင်း ခင်မျာ

ကိုထွန်းဝေ
16.3.2013

ဘီလူးများ သားလုပွဲ ၊ ဌေးလွင်ဦး

15.3.2013

ရာဇ၀င်မှာ ဘီလူးမ သားလုပွဲ ဆိုတာပဲ ရှိပါတယ်။ လူသားမိခင်အရင်းနဲ့ လူသားကို စားချင်တဲ့ ဘီလူးမက လူဟန်ဆောင်ပြီး- သားကို လုတဲ့ပွဲပါ။ ဒီမှာ ရာဇ၀င်လာ ပညာရှိသုခမိန် မဟော် သဓာက- ဘယ်သူဟာ မိခင် အရင်း ဖြစ်သလဲ- “ကလေးကို ရအောင်လုနိုင်သူက ကလေးကို ယူစေ”လို့ ပြောပြီး သားကို လုခိုင်း လိုက်တယ်။ မိခင်လို့ ဆိုသူနှစ်ဦး သားလေးကို အပြိုင် ဆွဲလုတော့- မိခင်အရင်းက သားလေးနာသွားမှာ စိုးရိမ်စိတ်နဲ့ လက် လွှတ် အလျှော့ပေးလိုက် ခဲ့တယ်။- (သားကို ရမယ်- မရမယ်ဆိုတာ က နောက် ကိစ္စ၊ လောလောဆယ် သားလေး ကို ခြေက တစ်ယောက်ဆွဲ၊ ခေါင်းက တစ်ယောက် ဆွဲ- နှစ်ပိုင်းပြတ်- သေ သွားမှာက လတ်တစ်လော ကိစ္စ ဖြစ် နေခိုက်- မိခင်အရင်းက သားလေးကို ကရုဏာတစ်ကယ်ရှိပြီး- လက်လွှတ်ပေးလိုက်ခဲ့ တာပါ။)- ဒီမှာ သုခမိန် မဟော်သဓာဟာ မိခင် အရင်းရဲ့ စိတ်ကို သိမြင်ခွင့်ရခဲ့ပါတယ်။-

တိုင်းပြည်တစ်ခုမှာပြည်သူလူထုဆိုတာသားသမီးတွေဖြစ်ပါတယ်။ နိုင်ငံကိုဦးဆောင်တဲ့ ခေါင်း

ဆောင်တွေ မိဘ များ သဖွယ် ဖြစ်ပါတယ်။- ပြည်သူလူထုရဲ့ ဘ၀များ အတွက် မိဘတွေမှာ တာဝန် ရှိနေပါတယ်-။

ဒီပွဲတွေမှာ- (၁) ရခိုင်နယ်မှာ ဖြစ်နေတဲ့ ဒေသခံ မူလဘူတ လူမျိုး များကို မျိုးတုံး သုတ်သင်တဲ့ ပွဲမှာ-၊ ပါဝင် ပတ် သက်သူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အတိုက် အခံတွေ၊ အားလုံးက မျက်ကန်း မျိုးချစ်များ ငြိုငြင် သွားမလား ဆိုပြီး ဖြစ်စေ-၊ သူတို့ကိုယ်တိုင်က သူတို့နဲ့ ဘာသာမ တူရင် ရန်သူဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မလိုမုန်း ထား မှုကြောင့်ဖြစ်စေ-၊ ကြီးနိုင်ငယ်ညှင်း ၀ါဒကိုသာ အားပေး ခဲ့တယ်။ ထောက်ခံခဲ့တယ်။ ဆက်လက်ပြီး လည်း မျိုးတုံး ပပျောက် သွားစေ ဘို့ ဆက်လက် ကြံစည်နေ ဆဲဖြစ်နေတယ်။

(၂) ကချင်နယ်က ကိစ္စ-၊ ဒီကိစ္စမှာလည်း မျက်ကန်း မျိုးချစ်များ၊ နိုင်ငံရေး သမားများ၊ အတိုက် အခံများ ကိုယ်တိုင် ငြိမ်းချမ်းရေး ရလာစေဘို့ ထဲထဲဝင်ဝင်-၊ စေတနာထားပြီး ပါဝင် ပတ်သက်မှု မရှိဘဲ ရူး ချင်ယောင်ဆောင်နေတာ ကို မြင်နေ ရပါတယ်။ မကောင်း တတ်လို့ အသက်မပါတဲ့ မျက်နှာနဲ့ နည်းနည်း ပါး ပါး သံယောင် လိုက်ပြောတာက လွဲ နှလုံးသားထဲမှာ ကချင်တွေ မျိုးပြုတ် သွားပါစေလို့ အမူအယာ များကို ကမ္ဘာ တစ်ဝှမ်းက သိမြင်လောက်   အောင်   ဖေါ်ပြနေ  ပါတယ်။

(၃)နောက်ဆုံး ဗမာ-ဗမာချင်း ဆင်းရဲတောင်သူများနဲ့ အကျိုး စီးပွားဝါဒီများ ဖြစ်တဲ့ လက် ပန်းတောင်းတောင် ကိစ္စ မှာလည်း ပြသနာကြီး ပေါက်ကွဲသွားမှာ စိုးလို့- ကြားက၀င်ပြီး ဖြန်ဖြေ ဟန်ဆောင်ပေးခြင်း က လွဲ-၊ လက်တွေ့ မှာ မိမိ အာဏာ လက်လွတ် သွားမှာကို ကြောက်ပြီး ဆင်း ရဲတောင် သူများကို စွန့်ပစ်ခဲ့ တာ ကိုပဲ တွေ့လိုက်ရပါ တော့တယ်။ ဒီမှာ ၀င်ရောက်   ဖြန်ဖြေပေးခြင်း ဆိုတာလည်း- လက်လွန်သွားတာကို ခံရသူများဘက် က သွေးပူ နေခိုက် လက်တုံ့ပြန်မှုတွေ ကြီးသွားမှာ စိုးလို့ သွေးအေး သွားစေအောင် ချော့ သိပ်လိုက်တဲ့ သဘော မျှသာ ဖြစ် ခဲ့ပြီး- သွေးအေး သွားတဲ့အခါ-၊ “နင်က လွန်တာကိုး- ခံရမှာပေါ့” ဆိုတဲ့ သဘောနဲ့- ဆင်းရဲပြည်သူများ နှိပ်ကွပ် ခံလိုက်ရတာကိုက အပြစ် ရှိလို့ ခံရတာလို့ အပြစ်ပင် ဆိုတဲ့ သဘောဖြစ်နေပါတော့တယ်။

ဖြစ်ပျက်သမျှကို ပြန်လည် သုံးသပ်ရင်တော့–၊ ပြည်သူလူထုကြီးတစ်ရပ်လုံးကို အာဏာကိုသာ မက်မော နေ တဲ့ ဘီလူးအုပ်ကြီး ၀ိုင်းလုသလို ဖြစ်နေပြီ။ သက်ညှာ ကရုဏာထားမယ့် မိဘ အစစ် ဆိုတာ မရှိတော့ တာ သေချာနေတယ်။ သေချင်တဲ့အကောင်သေ၊ မျိုးပြုတ်ချင်တဲ့ အုပ်စုပြုတ်၊ ငါတို့ကတော့ အသားရရ၊ အရိုးရရ ၀ိုင်းဆွဲမှာပဲ ဆိုတဲ့ အဖြေက ထင်ရှားလာပါတယ်။

အတိုက်အခံ နိုင်ငံရေး အုပ်စုက ကောင်းပါတယ်။ မတတ်သာလို့ နိုင်ငံရေးကွက် ၀င်ကစားတာပါ ဆိုတဲ့ အဖြေက တစ်ကယ်ခံရတဲ့ လူထုကြီး တစ်ရပ်လုံး မြန်မာတစ်ပြည်လုံးအတွက် လုံလောက်တဲ့ အဖြေမဟုတ် ပါ။ အခုခံရတာ အုပ်စု သုံးစု အပေါင်း ဧရာဝတီတိုင်းက လယ်သမားတွေ ဖြစ် ကုန်ပြီ။ နောက်ထပ်ဘယ် သူတွေ ခံရဦးမလဲ- ဘယ်လို စိတ်ချလို့ ရနိုင်မလဲ။ လူအားလုံးက ငါ့အလှည့် ငါတို့ အလှည့် ဘယ်တော့လာမလဲ ဆိုတဲ့ ကြောက်ရွံ့ စိတ်နဲ့သာ အသက်ရှင်နေရတဲ့ ဘ၀မျိုးကို ရောက်နေပါပြီ။

ကြံ့ဖွံ့က ကစားတာကို အတိုက်အခံများ ခံနေရတယ် ဆိုတဲ့ အဖြေက အတိုက်အခံများရဲ့ ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေပါတယ်။ အဲ့ဒီ စကားက အတိုက်အခံများ သည် နိုင်ငံရေး ပညာ၊ နိုင်ငံရေး ပရိယာယ်မှာ ကြံ့ဖွံ့ထက် အင်မတန် ညံ့ဖျင်းကြောင်း ၀န်ခံရာရောက်နေပါတယ်။ အင်မတန် ညံ့ဖျင်းတဲ့ အုပ်စုကြီး လက်ထဲကို နိုင်ငံတော် အာဏာ ဘယ်လို အပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းက ဆက်လက် ရှိနေပါတယ်။

အာဏာငမ်းငမ်းမက်နေတဲ့ နိုင်ငံရေးသမား ဘီလူးအကြီးများရဲ့လက်ထဲမှာ မိမိတို့ ဘ၀များ ဘယ်လို သက်သာ မလဲ ဆိုတာကိုပဲ ပြည်သူတွေ လိမ္မာပါးနပ်စွာ ဆင်ခြင်ဘို့ လိုနေပါပြီ။ မိမိတို့ကို ကာ ကွယ်စောင့်ရှောက်ပေးမယ့် မိဘနှင့်တူသော ခေါင်းဆောင်များ မရှိတဲ့ ဘ၀မှာ ပြည်သူတွေ ဟာ ကိုယ့် အသိ နဲ့ ကိုယ် ညီညွတ်ချစ်ခင်အောင် နေနိုင်ဘို့သား ကြိုးစားနိုင်မှ အနည်းငယ် သက်သာလာနိုင်ဘွယ် ရှိနေ ပါတယ်။ ပြည်သူတစ်ရပ်လုံး လိမ္မာပါးနပ် ကြဘို့ကိုပဲ အကြံပေးလို ပါတယ်။

ဌေးလွင်ဦး
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များအား မတ်လနှင့်ဧပြီလတွင် ထပ်မံ သတ်ဖြတ်ရန်စီစဉ်နေသည်ကိုအတိအကျသတင်းရရှိထား

နှိုးဆော်စာ – ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များအား မတ်လနှင့်ဧပြီလတွင် ထပ်မံ သတ်ဖြတ်ရန်စီစဉ်နေသည်ကိုအတိအကျသတင်းရရှိထား၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့နယ်များတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ကမန်မွတ်စလင် အများအပြားအသက်ဆုံးရှူံးခဲ့ရသည်။

ရိုဟင်ဂျာလူမျိုးများတွင်လက်နက်ကိုင်အဖွဲ့အစည်းများ မရှိသော်ငြားလည်း၊ ပြည်တွင်း သတင်းဌာန များ   နှင့်နိုင် ငံတော်သမ္မတရုံးညွန်ကြားရေးမှူး မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေး၏ Facebook စာ မျက် နှာတို့မှ ရခိုင်ပြည်နယ်ကိုရိုဟင်ဂျာများသိမ်းပိုက်နေသယောင်နှင့် ရိုဟင်ဂျာများမှ ရခိုင် လူမျိုး များ ကို လူမျိုးတုန်းသတ်ဖြတ်နေသယောင်ဝါဒဖြန့်ချီ၍ အခြေအနေများကိုပိုမိုတင်းမာအောင်ပြုလုပ် ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်ဒုတိယအကြိမ်အကြမ်းဖက်မှုများ ရခိုင်ပြည်နယ် အ၀န်း တွင်ဖြစ်ပေါ်ခဲ့ သည်။

နိုင်ငံတော်အစိုးရမှ ၁၈၀ ခန့်သေဆုံးသည်ဟုထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်အသက်ဆုံးရှူံးခဲ့ ရသူပမာဏမှာလွန်စွာများပြားခဲ့သည်။ ထို့အပြင်အကြမ်းဖက်မှုများကိုတိမ်းရှောင်ခဲ့သူအများအပြားပင် လယ်ပြင် တွင်အသက်ဆုံးရှူံးခဲ့ရသည်။ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ၁၂၀၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပြီး၊ ယခုအခါ ဘက်ပေါင်းစုံမှအခြေအနေဆိုးရွားသောဒုက္ခသည် စခန်းများ၌နေ ထိုင်နေကြရ သည်။

အဆိုပါဒုက္ခသည်များအားနိုင်ငံတကာအဖွဲ့အစည်းများမှတတ်နိုင်သရွေ့ကူညီပေးလျက်ရှိရာတူရ ကီ   နိုင် ငံ မှတန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပေးရန် မြန်မာအစိုးရနှင့်ပူးပေါင်း၍စီစဉ်ခဲ့သည်။ သို့သော် လည်း ဒေသခံရခိုင်အစွန်းရောက်အချို့မှအဆိုပါအစီအစဉ်အားလက်မခံနိုင်ကြောင်းမတ်လ (၇) ရက်နေ့ တွင် စစ်တွေမြို့နှင့်အခြားမြို့များတွင်ဆန္ဒပြပွဲပြုလုပ်၍ အစီအစဉ်အားဖျက်သိမ်းပေးရန်တောင်း ဆိုခဲ့ကြ သည်။

လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစ၍ မတ်လနှင့်ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲမတိုင်မှီတတိယအကြိမ်အကြမ်း ဖက်မှုများဖြစ်ပွားမည်ဟုသတင်းများပျံ့နှံ့လျက်ရှိခဲ့သည်။ထိုသို့သတင်းပျံ့နှံ့မှုများမှန်ကန်မှုရှိ/မရှိ ကို   လေ့     လာ  စုံစမ်းခဲ့ရာ မတ်လ နောက်ဆုံးပတ်တွင်တစ်ကြိမ်နှင့် ဧပြီလ ဒုတိယပတ်တွင်တစ်ကြိမ် ရခိုင် ပြည် နယ်အတွင်းရှိမွတ်စလင်များအားသတ်ဖြတ်ရန် အစွန်းရောက်အဖွဲ့အစည်းများမှအစီအစဉ်ရေး ဆွဲ ထားပြီးဖြစ်ကြောင်း RB News မှခိုင်လုံသည့်သတင်းရပ်ကွက်များမှ တိကျမှန်ကန်သောသတင်းများ ရရှိထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အနှံ့အပြားရှိ နတလကျေးရွာများတွင် သေနတ်ပစ်နည်း၊ ဓါးရှည်ခုတ်နည်းများကိုလည်းလွန်ခဲ့သည့်ဖေဖော်ဝါရီလမှစတင်၍သင်တန်းများပေးနေသည် ကို မျက်   မြင် သက်သေ များမှ RB News သို့ပြောကြားခဲ့သည်။ ထို့အပြင် စစ်တွေမြို့ရှိ လုံထိန်းတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဗမာလူမျိုးများဖြစ်ခဲ့ပြီး၊ ၎င်းလုံထိန်းတပ်ဖွဲ့ဝင်များကို ရခိုင်လူမျိုးလုံထိန်းတပ်ဖွဲ့ဝင်များဖြင့်လဲ လှယ် လိုက်ပြီး၊ မွမ်းမံသင်တန်းများပေးလျက်ရှိကြောင်းကိုလည်း ခိုင်မာသည့်သတင်းရပ်ကွက်များမှ ရရှိ ထားပြီးဖြစ်သည်။

မတ်လ နောက်ဆုံးပတ်တွင်စတင်မည့်အကြမ်းဖက်မှုကို ရခိုင်လူမျိုးများအကြားသိရှိနေပြီဖြစ်သော် လည်း   ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များမှာ သတင်းအစအနပင်မရရှိသေးဘဲ၊ ရှောင်တခင်သတ်ဖြတ်ခံ ရမည့် အခြေအနေတွင်ရှိနေပါသည်။ ယခင်ကဲ့သို့ပင် ပြည်တွင်းသတင်းဌာနများနှင့် နိုင်ငံတော် သမ္မတ ရုံးညွန် ကြားရေးမှူး – မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေးတို့မှ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီ မှုများ ထပ်မံပြု လုပ်ရန်စီစဉ်ထားသည်ကိုလည်း သိရှိထားပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးအမြတ်ထုတ်ချင်သူလူတစ်စုကြောင့် အပြစ်မဲ့ပြည်သူများအသက်ဆုံးရှူံးမှုနှင့်အိုး မဲ့အိမ် မဲ့ဖြစ် ပွားမှုအားလုံးကိုကြိုတင်ကာကွယ်ရန်မျှော်ကိုးလျက် ဤနှိုးဆော်စာအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအစိုးရများမှလေးနက်စွာစဉ်းစား၍၊ အခြေအနေများကို အချိန်မှီထိန်းသိမ်းပေးပါရန်၊ လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။

RB News Team
၂၀၁၃ မတ်လ (၈)

ကျိုက်ထိုနှင့် ဘီးလင်းတွင် ၉၆၉ တရားပွဲအပြီး မွတ်စလင်မ်ဆိုင်များ ဖျက်ဆီးခံရ

မတ် ၉၊ ၂၀၁၃
M-Media
အေးမောင်

ကျိုက်ထို ။       ။ ကျိုက်ထိုမြို့၌ မနေ့ည (၈-၃-၂၀၁၃)နေ့ညက ပြုလုပ်သော ဘုန်းကြီးတရားပွဲအပြီး တွင်   မွတ် စလင်မ် ဆိုင်တချို့မှ ခုံများ ရိုက်နှက်ဖျက်ဆီးခံရကြောင်းသတင်း ရရှိသည်။

ယမန်နေ့ညပိုင်း ဘုန်းကြီးတရားပွဲအပြီးတွင် မွတ်စလင်မ်ပိုင် ဆိုင်တချို့မှခုံများအား ၉၆၉ အဖွဲ့ဝင်များမှ မင်းမဲ့စရိုက်ဖြင့် ၀ိုင်းဝန်းရိုက်ချိုးခဲ့ကြကြောင်း၊ ယင်းကဲ့သို့ ဖျက်ဆီးမှုများမှာ ကျိုက်ထို တစ်မြို့တည်းတွင် မဟုတ်ဘဲ မွန်ပြည်နယ်ရှိ မြို့ကြီးတချို့တွင် ပြုလုပ်နေကြောင်း၊ လွန်ခဲ့သော ၃-ရက်ခန့်ကလည်း မွန်ပြည်နယ် ဘီလင်းမြို့တွင် အလားတူ ဖျက်ဆီးမှုမျိုးရှိခဲ့ကြောင်းသိရသည်။

ဘီးလင်းမြို့ရှိ ၉၆၉ အဖွဲ့သည် ဘုန်းကြီးက ဦးဆောင်ဖွဲ့စည်းထားပြီး အရပ်သားများပါဝင်ကြောင်း၊ တရားပွဲများ ပြုလုပ်ရာတွင်လည်း တရားပွဲတွင် မွတ်စလင်မ် မုန်းတီးရေးကိုသာ ဟောပြောလေ့ရှိပြီး တရားပွဲပြီးသည်နှင့် မွတ်စလင်မ်ပိုင်များကို ဖျက်ဆီးလေ့ရှိလာကြောင်း၊ ၉၆၉-အဖွဲ့သည် ရှပ်အင်္ကျီ အဖြူရောင်ပေါ်တွင် ၉၆၉ တံဆိပ်ရိုက် ၀တ်စုံဆင်တူ ၀တ်ဆင်၍ ဥပဒေမဲ့ မင်းမဲ့စရိုက်များ ပြု လုပ်နေကြောင်း သိရသည်။

ဘီးလင်းမြို့တွင် မွတ်စလင်မ်မုန်းတီးရေး လှုံ့ဆော်စာများ၊ မုန်းတီးရေး တရားပွဲများကို ပြုလုပ်ပြီး မုန်း တီးရေး တရားခွေများကို ဖြန့်ဝေနေကြသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း၊ မွတ်စလင်မ် မုန်းတီးရေး လှုံ့ဆော်မှုများအတွက် ဘီးလင်းမြို့ရှိ မွတ်စလင်မ်လူကြီးများမှ နိုင်ငံတော်အထိ တင်ပြ အစီရင်ခံ ထားကြောင်း၊ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့၊ ပြည်နယ် သာသနာရေးရာ ၀န်ကြီးဌာန၊ မွန်ပြည် နယ် လွှတ်တော် ကိုယ်စားလှယ်(၂)ဦး၊ အစ္စလာမ်သာသနာရေးရာကောင်စီ၊ မအဖအဖွဲ့နှင့် ဌာနဆိုင် ရာအဆင့်ဆင့် တို့သို့ တင်ပြအကြောင်းကြား ထားသော်လည်း ယင်း မုန်းတီးရေး လှုံ့ဆော်မှုများ အား မည်သူမှ ဟန့်တားနိုင်ခြင်းမရှိကြောင်း၊ မည်သည့်အတွက်ကြောင့် တရားဥပဒေ စိုးမိုးရေး ကို မပြုလုပ် သည်ကို စဉ်းစား၍မရကြောင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့ခံမှ M-Media ကို ပြောပြ လာပါတယ်။